09 August 2011

ရိုးအီရေ သောက်ခြင်း


လှပြီးသား ညတစ်ချို့အတွက်
လလမ်းကြောင်း လိုက်ရှာခြင်းဆိုတာက
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးခြင်းတစ်မျိုးပါပဲ
ဆေးကြောင့်သာ လေးသွားမယ်
ညတွေကတော့ မပြောင်းလဲဖူး။

ခရီးကတော့ ရောက်ပါတယ်
လမ်းတစ်ချို့ကတော့ ကောက်တယ်
တက်ကျမ်းတစ်ချို့နဲ့
တက်လမ်းတစ်ချို့ကို လှမ်းလို့မရသလို
မှတ်တမ်းတစ်ချို့ကြောင့်လည်း
လမ်းတစ်ချို့က ပျောက်တတ်တယ်။

ဒီပုတ်ထဲမှာတော့ ဒီပဲပါပဲ
ပြဇာတ်တစ်ချို့က ရုပ်သေးရုပ်ဆန်ပေမယ့်
အထပ်ထပ် ဆက်ကဖို့ ပရိတ်သတ်က ရှိနှင့်တယ်
မျက်ခုံးမွှေးတစ်ဆုံး မကြည့်ပါနဲ့
စင်္ကြန်လမ်းတွေ မြင်ဖန်များရင်
သရုပ်ဆောင်တွေ ပိုများလာလိမ့်မယ်။

လှပြီးသား ညတစ်ချို့အတွက်
လလမ်းကြောင်းကို တွေ့လိုက်တယ်
ရိုးအီရေ တစ်ခွက်သောက်လိုက်ရုံပါပဲ
မိုးလင်းသွားခဲ့တယ်။

-ဂျွန်မိုးအိမ်-

စကားချပ် - ။ ။ ထူးမခြားနား ပတ်ပျိုးများ။ အတွေးများက တစ်ခန်းရပ်ပြဇာတ်များကို လိုက်ကြည့်မိသလိုပါပဲ....။

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ရိုးအီနေတဲ့ရေကို သောက်ရင်းနဲ့ လျှောက်နေတဲ့လမ်းတွေ ပျောက်ချင်ချင်ဖြစ်ရသေးတယ်လေ..
သတမတ်တည်းလျှောက်ရတဲ့လမ်းဟာလည်း ပျင်းစရာများ ကောင်းလာသလားလို့ ခံစားမိပြန်ရော..
အင်း.. ပျော်စရာလမ်းကလေးတော့ လျှောက်ချင်သား

Moe Myint Tane said...

လရဲ့အသက်ကို ဇောက်ထိုးဖမ်းတတ်တဲ့ လင်းဝက်လိုမျိုး ဘ၀က တို့လို့တွဲလောင်း..!!
ရိုးအီ ရေတစ်ခွက်တော့ သောက်လိုက်ချင်တယ်။
သူလိုငါလိုပေါ့။
အခုတော့ လလမ်းကြောင်းရှာရင်း
ဘ၀မီးအိမ် ထွန်းဖို့ကြိုးစားဆဲ
ညတွေကတော့ မပြောင်းလဲသေးဘူး ။

ညီမကဗျာလေး အတွေးရော အရေးရော သဘောကျမိပါတယ် ညီမရေ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်