မျှစ်ချဉ်ခေါက်ဆွဲ
Modern Cafe
Super Star
မိုးကောင်းကင်။
Rဇာနည် versionနဲ့ သီချင်းတွေရှိတယ်
ကိုရီးယားဇာတ်လမ်းတစ်ချို့ရဲ့ ခေတ်ဦးကာလရှိတယ်
Melody World ကို တခုတ်တရ ခံစားဖို့ အချိန်ကာလလည်း ရှိတယ်။
အင်တာနက်ကြီးအကြောင်း အထူးတလည် မသိချင်ဖူး။
social communication တွေမှာ မယစ်မူးတတ်ဖူး။
မနက်ဖန် ဘာဖြစ်လာမှာလဲ သိပ်တွေးနေဖို့လည်း မလိုဖူး။
လွမ်းလောက်စရာ ထူးထူးခြားခြား ဘာမှမရှိဖူး
ငါတို့ မပိုင်ဆိုင်တော့တဲ့ ညနေခင်းတွေ
နှစ်ချို့လေ ဝေးလေ။ ။
-ဂျွန်မိုးအိမ်-
စကားချပ်။ ။
ဒီနေ့ ဂူးဂဲလ်မှာ လမ်းမှားပြီး ဗန်းမော်နဲ့ဆိုင်တဲ့ ဓါတ်ပုံတော်တော်များများကို သွားတွေ့မိတယ်။ လင့်တွေကပဲ လမ်းမှားခဲ့တာလား၊ အိမ် နဲ့ ဗန်းမော်က သူငယ်ချင်းတွေကို သတိရနေမိတဲ့ မသိစိတ်ကပဲ သွားမိတာလား မသိနိုင်ဖူးပေါ့။ နောက် တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ နှစ်အတော်ကြာခဲ့ပြီဖြစ်တဲ့ ဓါတ်ပုံတစ်ခုကို သွားတွေ့တယ်။ သိမ်မဟာစေတီတော်ပုံ ပန်းချီကားကိုပါ။ ကျွန်တော့် ဘလော့လေးမှာ ဗန်းမော်ကို သတိတရ လာတတ်တဲ့သူတွေအတွက် အမှတ်တရ တင်ပေးလိုက်ပါတယ်။ တစ်ခြားပုံတွေကို ကြည့်ချင်ရင်တော့ FB မှာ ရှိတဲ့ ဒီ Banmaw Group မှာ သွားကြည့်နိုင်ပါတယ်။

You may like....!
ဗန်းမော်ဆိုတာ...။
ဧရာဝတီ
ဆောင်းမနက်ခင်းမှာ ရွာတဲ့မိုး
2 comments:
ဗန်းမော်ဟာ တောင်တွေကာရံထားတဲ့ မြို့
တရုတ်ပစ္စည်းတွေပေါတဲ့မြို့
သာသနာထွန်းကားတဲ့မြို့လို့လည်း ပြောလို့ရသေးတယ်လေ
မြန်မာနိုင်ငံနဲ့ ဝေးနေသူတွေတိုင်း မြန်မာနိုင်ငံကို လွမ်းနေကြတယ် .. ဒါ အမှန်တရားပဲ .. ကိုယ်ချစ်တဲ့ မြေကို ဆက်လက်ရှင်သန်စေချင်တယ် .. ဒါဟာလဲ လူတိုင်းရဲ့ စိတ်ထားပဲ ..
Post a Comment