
စကားချက်။ ။ ဒီဇင်ဘာဟာ ကျွန်တော့်ရဲ့ ဆိပ်ကမ်းလေးကို အေးစက်လွန်းစွာနဲ့ ချဉ်းကပ်လာခဲ့သလိုပါပဲ။ ဒီဇင်ဘာဟာ ပထမဆုံးနေ့ကတည်းကနေ ခါးသက်လွန်းခဲ့တယ်။ ဒီဇင်ဘာဟာ အသက်ရှုမှားလောက်အောင် ကတိုက်ကရိုက်ဆန်ဆန် ၀င်ရောက်လာတဲ့ အချိန်ရှားပါးမှုဘောင်တစ်ခုထဲ ကိုယ့်ကိုယ်ကို မောင်းသွင်းနေစေခဲ့တယ်။ ဒီဇင်ဘာဟာ အရင်လို မွန်းကြပ်မှုတွေနဲ့ လွတ်လပ်မှု အတွေးတွေအပေါ် စကားလုံးမှားဖို့တောင် ခက်ခဲနေစေခဲ့တယ်။ ဒီဇင်ဘာဟာ ကျွန်တော် ခိုနားနေမိတဲ့ ကျွန်းအတု သေးသေးလေးပေါ်မှာ အနှစ်သာရမဲ့စွာ ကုန်ဆုံးသွားပြန်ဦးမယ် ထင်ပါတယ်။ ဒီချိန်ဆို ဟိုးအဝေးတစ်နေရာက အိမ်လေးအပေါ် နှင်းတွေဝေနေပြီ ထင်ပါရဲ့။
Hardworking is better policy to forget unwanted feeling. :) အလုပ်များနေတဲ့အခါ ဒီလိုပဲ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိတယ်။
Hardworking is better policy to forget unwanted feeling. :) အလုပ်များနေတဲ့အခါ ဒီလိုပဲ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိတယ်။
2 comments:
ဒီဇင်ဘာရဲ့ မနက်ခင်း ဒီမှာတော့ ဆောင်းနှင်းတွေ ဝေလို့
အေးလို့ချမ်းလို့ပေါ့
ဆောင်းရဲ့ အရသာကို ပီပီပြင်ပြင်ခံစားနိုင်တဲ့ နေရာကို ရောက်နေလို့ ကိုယ့်ကိုယ်ကို ပြန်ကျေနပ်မိသေးတယ်။
သေချာတယ် မိုးအိမ်တို့ အိမ်ရှေ့မှာလည်း ခုနေဆို မနက်ခင်းတိုင်းနှင်းတွေ ဝေနေမှာ
ဟုတ်တယ်နော် မချော...။
နှင်းတွေက သိပ်လှနေတော့မှာ...။
ကျွန်တော် နေမိတဲ့ နေရာလေးမှာတော့ ချမ်းအေးမှုအတုနဲ့ လေးထောင့်ကွက် screen တစ်ခုကို ၂၄နာရီကြည့်ရင်း မွန်းမွန်းကြပ်ကြပ် ဒီဇင်ဘာကို ဖြတ်သန်းနေရသလိုပဲ...။
Post a Comment