03 March 2012

"black PRO"


ကျင့်ဝတ်...
စနစ်တကျ သင်တယ်
စာအုပ်ထဲမှာ။

လေးစားမှု...
အပြန်အလှန် ထားတယ်
စကား အသွားအလာ။

ပိပိရိရိ
ပျောက်ဆုံးသွားတယ်
professional ဖြစ်သွားတဲ့အခါ။

မျဉ်းပါးပါးလေး
တစ်ခုအပေါ်မှာ။

-ဂျွန်မိုးအိမ်-

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာထဲမှာ ပြောချင်တာတွေ ခပ်ပါးပါးလေး ဖော်ပြထားတာ နှစ်သက်စရာ...
မိုးအိမ်ရေ..
ပျောက်နေတယ် စာတွေရေးပါဦး
ခရီးတွေသွားနေတာ မဟုတ်လား..
ခရီးသွားအကြောင်းအရာဓာတ်ပုံလေးတွေရော ဘလော့ပေါ် မတင်ဘူးလား..

ဂျွန်မိုးအိမ် said...

ပျောက်နေရတာပါ မချောရာ..။
စာမေးပွဲက ၁၅ ရက်နေ့မှာ ပြီးမှာလေ..။
Turkey ခရီးကိုတော့ အချိန်နည်းနည်းရရင် သတိတရ မှတ်တမ်းတင်ချင်ပါတယ်..။ တစ်နေ့ ၃၆ နာရီလောက်ရရင် ကောင်းမယ်..။ :D

မိုးခါး said...

:-|
စည်းကမ်း
ချမှတ်ထားတယ်
ပြဌာန်းစာအုပ်တွေ ကြားမှာ ..

ကိုယ်ချင်းစာတရား
ကြားဖူးတယ်
အပေါ်ယံနှုတ်ဖျားတလွှာ ..

(တဖြည်းဖြည်း ရင်ထဲက အစစ်အမှန်တွေပျောက်ဆုံးကုန်တာ .. ဘယ်လိုလုပ်ကြမလဲ)