24 March 2012

Turkey - Istanbul : 2A !

Istanbul - 2.1!


Byzantium, Constantinople ဆိုပြီး အမည်နာမတွေ ရှိခဲ့ဖူးတဲ့ Istanbul! ဘယ် အရပ်မျက်နှာကို လှမ်းကြည့် လှမ်းကြည့် Mosques နဲ့ နန်းတော်ဆန်ဆန် သမိုင်းအဆောက်အဦးနဲ့၊ ခမ်းနားတဲ့ Bazzars တွေနဲ့ စွတ်စိုထိုင်းမှိုင်းတဲ့ နှင်းတွေနဲ့..။ Rome ကနေ လာခဲ့တဲ့ Byzantine Era နဲ့ Ottoman တို့ဆီကနေ လာခဲ့တဲ့ Turkish Era တွေကြား၊ မတူညီတဲ့ ခြားနားတဲ့ ဘာသာရေးတွေကြား ရင့်ကျက်ခဲ့သည်လား။ အပြောင်းအလဲ များစွာကို အောင်မြင်စွာ ရင်ဆိုင်နိုင်ခဲ့သည်လား။ ယခုတော့ သူမဟာ ရိုးရှင်းစွာ သက်ဝင်လှုပ်ရှားနေတဲ့ မြို့ပြတစ်ခု။ "The City of Seven Hills" လို့ ခေါ်တဲ့ Istanbul! သမိုင်းဝင် Mosque ခုနှစ်ခုကို သူမရဲ့ တောင်ကုန်း ခုနှစ်ခုမှာ ထမ်းပိုးလို့..။ သန့်ရှင်းတယ်၊ စိမ်းလန်းတယ်၊ ခေတ်မီတယ်။ နောက် သဘာဝဆန်တယ်။ UNESCO World Heritage List ထဲမှာ သူမရဲ့ သမိုင်းဝင်နေရာတစ်ချို့ကို ထည့်သွင်းခံထားရတယ်..။ သူမဟာ မြို့တော်တစ်ခုမဟုတ်ပေမယ့်Turkey ရဲ့ အကြီးဆုံး မြို့ပြတစ်ခု။

Istanbul >>> http://en.wikipedia.org/wiki/Istanbul

Bosphorus - 2.2!


Bosphourus Bridge! ကမ္ဘာပေါ်မှာ အကျဉ်းဆုံး ဥရောပနဲ့ အာရှကြား ရေလက်ကြားတစ်ခုပေါ်မှာ Black Sea နဲ့ Sea of Marmara ကို ဆက်သွယ်လို့။ European ရဲ့ Ortakoy ဘက်နဲ့ Asian ရဲ့ Beylerbeyi ဘက်နှစ်ခုကို ဆက်သွယ်ပေးထားတဲ့ suspension bridge တစ်ခု။ steel pylons နဲ့inclined hangers နဲ့ Aerodynamic deck နဲ့ zigzag steel cables နဲ့။ 1510-meter (~5000-ft) ရှည်ပြီး 39-meter (~128-ft) ကျယ်တဲ့ တံတားတစ်စင်းဟာ British Civil Engineers Sir Gilbert Roberts and William Brown တို့အတွက် masterpiece တစ်ခု၊ Turkey အတွက် icon တစ်ခု၊ ကမ္ဘာကြီးအတွက် number 17 အရှည်ဆုံး suspension bridge တစ်ခု။




စကားချပ်။ ။ Bosphourus ရေလက်ကြားတစ်လျှောက် Cruise စီးပြီးကြည့်ရင်တော့ ဥရောပနဲ့ အာရှကြားက ကြီးကျယ်ခမ်းနားတဲ့ Ottoman architecture တွေကို ခံစားနိုင်မှာပါ..။ ကမ်းခြေတစ်လျှောက်မှာရှိတဲ့ နန်းတော်တစ်ချို့နဲ့ pavillion တစ်ချို့ကို လှမ်းမျှော်ကြည့်နိုင်သလို Turkey ရဲ့ lifestyle တစ်ချို့ကို အဝေးကနေ သုံးသပ်နိုင်ပါသေးတယ်။ စိုစွတ်တဲ့ နှင်းတွေကြောင့် humiditiy များတဲ့ လေထုကို ရင်ဆိုင်နိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ တိုက်ကြီး နှစ်ခုကြားက Black sea ကမ်းခြေတစ်လျှောက် * Ottoman Neo-Baroque style Ortaköy Mosque * CAMLICA HILL * Rumeli Fortess * Dolmabahce Palace တွေကို လှမ်းမျှော်ကြည့်နိုင်ပါတယ်။ ရေလက်ကြားပေါ် ရွှေ့လျားနေတဲ့ Cruise ပေါ်လိုက်ပါရင်း သမိုင်းရနံ့ကို သယ်ဆောင်လာတဲ့ လေထုကို ရှုရှိုက်ရင်း Turkey ရဲ့ နာမည်ကျော် Topkapi Palace / Hagia Sophia / Blue Mosque / Grand Bazzar / Spice Bazza နဲ့ Belly Dance တွေဆီ..... လူ ၁၃ ဦး အတူတူ....။

စကားချပ် -၂ ။ ။
Turkey - Istanbul : 2B ! ဖြစ်တဲ့ Topkapi Palace / Hagia Sophia / Blue Mosque / Grand Bazzar / Spice Bazza နဲ့ Belly Dance ကိုတော့ နောက်ဆုံးမှပဲ ရေးဖြစ်မယ်ထင်ပါတယ်..။ Trojan Horse and Troy / Pergamon_Acropolis / House_of_the_Virgin_Mary / Ephesus / Great Theater /Pamukkale / Acient 5 Star Hotel / Uranos Sarikaya / Underground City / Coreme Cave Churches / Ataturk Mausoleum စတဲ့ နေရာတွေဆီ ခရီးစဉ်အတိုင်း အရင်ပေါ့လေ....။ တွေးရင်းတောင် ရေးဖို့ မောတယ်..။ များလို့..။

No comments: