15 March 2012

TURKEY - 1!

Turkey-1.1!
Eurasian country တစ်ခုအဖြစ် အနောက်အာရှမှာ တည်ရှိပြီး Bulgaria, Greece, Georgia, Armenia, Azebaijan, Iran, Iraq, Syria နိုင်ငံတွေနဲ့ ထိဆက်နေခဲ့တယ်။ Mediterranea, Aegean, Black Sea တွေ ၀န်းရံထားတဲ့ Turkey ဟာ မူဆလင်ဘာသာတရားကို နိုင်ငံ့ဘာသာတရားအဖြစ် လက်ခံထားတယ်ဆိုရင် Turkey ဟာ သူလိုငါလို နိုင်ငံတစ်ခုပဲ ဖြစ်မယ်။

Turkey-1.2!
သမရိုးကျ ပြောင်းလဲနေတဲ့ နိုင်ငံရေးတွေဟာ Turkey မြေမှာ မထူးခြားဖူး။ အာရှမဆန်တဲ့ လူနေမှုတွေနဲ့ အတွေးအခေါ်တွေဟာ Turkey မြေမှာ မထူးခြားဖူး။ နိမ့်မြင့် ပြောင်းလဲနေတဲ့ မြေပြင်သွင်သဏ္ဌာန်တွေ Turkey မြေမှာ မထူးခြားဖူး။ နွေးထွေးအေးမြတဲ့ ရာသီခွင်ဟာ Turkey မြေမှာ မထူးခြားဖူး။ ခမ်းနားခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းကို စွဲမြဲစွာ ဆုပ်ကိုင်ထားပေမယ့် သမိုင်းထဲမှာမရှိနေတော့တဲ့ Turkey မြေဟာ ထူးထူးထွေထွေ ထူးခြားတယ်လို့ဆိုဖို့ မထူးခြားဖူး။ Turkey ဟာ သမရိုးကျနိုင်ငံတစ်ခုပါပဲ။

Turkey-1.3!
ကမ္ဘာကြီး "Globalization" ဖြစ်ကြောင်း ဟိုးရာစုနှစ်ပေါင်းများစွာကတည်းက သက်သေပြခဲ့ဖူးမယ်။ သို့ပေမယ့်
ယနေ့တော့ Globalization ဆိုတဲ့ အော်သံတွေဟာ Turkey အတွက် မထူးခြားသလို တိတ်ဆိတ်စွာနဲ့ ကမ္ဘာကြီးကို ကူးလူးဆက်သွယ်နေခဲ့တယ်ဆိုရင်...။ Turkey ဟာ အချိန်တစ်ခုမှာ ဘာတွေကို ပြောင်းလဲသွားခဲ့သလဲ။ Turkey ဟာ ဘာတွေကို စတေးခဲ့ပြီး ဘာတွေကို ပိုင်ဆိုင်သွားခဲ့လဲ။ Turkey ဟာ ဘယ်လိုလူတွေအပေါ် ညို့ယူဆွဲဆောင်ပြီး ဘယ်လိုလူတွေအတွက် ရိုးအီငြီးငွေ့လွယ်စေသလဲ။ ဆယ်စုနှစ်တစ်ခု၊ ရာစုနှစ်တစ်ခု၊ ထောင်စုနှစ်တစ်ခု။ အချိန်တွေဟာ ခပ်ပါးပါးလေးပါပဲဆိုတဲ့အကြောင်း Turkey မြေက ပြောနေလိမ့်မယ်ထင်ပါရဲ့။

Turkey-1.4!
သုတေသနလည်း မဟုတ်ပါဖူး။ လေ့လာရေးလို့လည်း ခေါင်းစဉ်မတပ်ချင်ဖူး။ အပန်းဖြေမှုလို့လည်း မဆိုနိုင်ဖူး။
သို့ပေမယ့် Turkey သို့ ခရီးတစ်ခုဟာ သာမန်ဖြစ်တည်မှုပုံစံတစ်ခုထက်တော့ စိတ်ဝင်စားဖို့ ကောင်းပါရဲ့။ အံ့သြဘနန်းမဟုတ်ပေမယ့် စွဲထင်ကျန်ရစ်ခဲ့ဖူးတယ်ဆိုရင် ထိုအရာကို "ရိုးရှင်းသော ဆွဲဆောင်မှု" ဟု ဆိုရမည်လား။ Turkey ဟာ အတွေးတစ်ခု၊ သုံးသပ်မှုတစ်ခု၊ အမှတ်တစ်ရတစ်ခုတော့ ဖြစ်စေခဲ့တယ်။

Turkey 1.5!
ခမ်းခမ်းနားနား မရှိတော့တဲ့ ခမ်းနားမှုများဆီ။
စကားလုံးပေါင်းများစွာ ပြောစရာမလိုတဲ့ သမိုင်းတစ်ခုဆီ။
နွေးထွေးတဲ့ နှင်းပွင့်နှင်းခဲများဆီ။
သဘာဝဆန်တဲ့ လူနေမှုတစ်ခုဆီ။
မြို့ကလေး "7" မြို့ကို လူ "13" ဦး အတူတူ......။

Turkey ကို လာခဲ့ဖူးသည်။....။



.ဂျွန်မိုးအိမ်.

စကားချပ်။
ခံစားမိသမျှ မှတ်မိသလောက်ပေါ့...။
အချိန်ရရင်.. နောက် စိတ်ရော လူပါ အားရင်... Turkey ဆီ ပြန်သွားချင်ပါတယ်။ စကားလုံးတွေနဲ့...။

Turkey ပုံရိပ်တစ်ချို့ကို youtube မှာရှာတော့ ဒီ ၂ ခုကို တွေ့တယ်။ Turkey ဂီတ နဲ့ ညအလှကို ပြန်ခံစားမိပါတယ်။

Turkey!! Paradise on earth!!


Istanbul by Night - A City of Dreams

No comments: