တည်ငြိမ်သွားတယ်
ရင့်ကျက်သွားလို့ မဟုတ်ဖူး
ခံစားချက်တွေ မရှိတော့တာ။
ပြောင်းလဲသွားတယ်
မတည်မြဲလို့ မဟုတ်ဖူး
ကိုယ့်ကိုယ်ကို မလိမ်တတ်တော့တာ။
စကားတွေ နဲလာတယ်
နားထောင်ပေးနိုင်စွမ်း များလာတာမဟုတ်ဖူး
စကားလုံးတွေကို မလက်ခံနိုင်တော့တာ။
အိပ်မက်တွေ နဲလာတယ်
စိတ်ကူးတွေ မရှိတော့တာမဟုတ်ဖူး
စနစ်တကျ သုံးသပ်မှုတွေအကြောင်း ပိုသိလာရတာ။
ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပိုနားလည်မိလေ
ကိုယ်မသိခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့မိလေ
မှန်ချပ်ထဲက သူစိမ်းတွေ...။
.ဂျွန်မိုးအိမ်. ( 2 March 2012)
ရင့်ကျက်သွားလို့ မဟုတ်ဖူး
ခံစားချက်တွေ မရှိတော့တာ။
ပြောင်းလဲသွားတယ်
မတည်မြဲလို့ မဟုတ်ဖူး
ကိုယ့်ကိုယ်ကို မလိမ်တတ်တော့တာ။
စကားတွေ နဲလာတယ်
နားထောင်ပေးနိုင်စွမ်း များလာတာမဟုတ်ဖူး
စကားလုံးတွေကို မလက်ခံနိုင်တော့တာ။
အိပ်မက်တွေ နဲလာတယ်
စိတ်ကူးတွေ မရှိတော့တာမဟုတ်ဖူး
စနစ်တကျ သုံးသပ်မှုတွေအကြောင်း ပိုသိလာရတာ။
ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပိုနားလည်မိလေ
ကိုယ်မသိခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့မိလေ
မှန်ချပ်ထဲက သူစိမ်းတွေ...။
.ဂျွန်မိုးအိမ်. ( 2 March 2012)
စကားချပ် ။ ။
ဟိုးတုန်းကလို တက်တက်ကြွကြွ မဖြစ်တော့တဲ့ အကြောင်းအရင်းတစ်ချို့ကို ဆန်းစစ်ကြည့်မိတယ်...။ ဖြစ်နိုင်တာက အရောင်စုံအောင် ဖြန့်ကျက်ထားမိတဲ့ စိတ်ဝင်စားမှု အများစုထက် ကိုယ် ပိုပြီး စိတ်ဝင်စားမိတဲ့ အရာတစ်ချို့အပေါ်သာ အာရုံပိုထားမိလာတာဖြစ်မယ်..။ ကိုယ့်ကိုယ်ကိုလည်း...
be concentrate
be patient
be try hard
YES!!!
you will. ဆိုပြီး အားပေးနေမိတယ်.....။
be concentrate
be patient
be try hard
YES!!!
you will. ဆိုပြီး အားပေးနေမိတယ်.....။
5 comments:
ခံစားချက်ဖြစ်ပေါ်မိတိုင်း တိုက်ဆိုင်နေတာလို့ဘဲဆိုရမလား ရောက်ရောက်လာမိတယ် ...အားပေးနေပါတယ်
ပိုပီးတော့ အတွေးနဲ့အမြင်စာလေးတွေရေးပေးပါအုံးနော်း)
ကိုယ်တိုင်လည်း မတက်ကြွဘူး :-\
ငြီးငွေ့လှဘီ
@Hay Mar.. ဒီတလော မတွေးနိုင်တာ ကြာပြီ.. :)
.....
@မိုးခါး.... ဟုတ်ပါတယ်ဆို..။ ကိုယ့်ကိုယ်ကိုတောင် ထူးဆန်းနေတယ်...။ ဖြေတွေးလေးနဲ့ မတက်ကြွတာ မဟုတ်ဖူး..။ တည်ငြိမ်သွားတာပါ...လို့ တွေးမိတော့ ကိုယ့်ကိုယ်ကိုတောင် စိတ်မကောင်းတော့ဖူးရယ်....။
မလွယ်ပါဘူး .. life မရှိတဲ့ ဘ၀ကြီး :D
omm O_o
Post a Comment