ငါတို့ပြောကြတယ်
ငါတို့မှာ မရှိသေးတဲ့ Open Mind အကြောင်း
ငါတို့မသိသေးတဲ့ Global Education အကြောင်း
ငါတို့ မလိုက်နာဖြစ်သေးတဲ့ Copy Rigth အကြောင်း
တန်ဖိုးထားခြင်းတွေအကြောင်း
ဖြန့်ကျက် အဓိပ္ပါယ်တွေအကြောင်း
ကွန်ယက်ဆက်နွယ်မှုတွေအကြောင်း။
ငါတို့ပြောကြတယ်
ကမ္ဘာမဆန်သေးတဲ့ ဦးနှောက်နဲ့
ကမ္ဘာဆန်လာတဲ့ နည်းပညာတွေအကြောင်း
ငါတို့ပြောကြတယ်
ကမ္ဘာမဆန်သေးတဲ့ နှလုံးသားနဲ့
ကမ္ဘာဆန်လာတဲ့ ဆက်သွယ်ရေးတွေအကြောင်း
ငါတို့ပြောကြတယ်
ကမ္ဘာမဆန်သေးတဲ့ ကြေးစားစိတ်ဓါတ်တွေနဲ့
ကမ္ဘာကြီးတစ်ခုလုံးကို နားလည်သလိုလိုနဲ့။
ငါတို့ပြောကြတယ်
တတ်တာတွေကပဲ သိပ်ခက်နေသလိုလို
ခက်တာတွေကိုပဲ သိပ်တတ်နေသလိုလို
ပညာရပ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ
ယဉ်ယဉ်ကျေးကျေး ဆဲတတ်ကြခြင်းကို
သိမ်သိမ်မွေ့မွေ့ share တတ်ခြင်းလို။
ငါတို့ပြောကြတယ်
ထပ်ကာထပ်ခါ ပြောရင်ပဲ မှန်တတ်လာသလိုလို
volumn နဲ့ tone မြင့်တတ်ရင်ပဲ လူရာဝင်သလိုလို
မယဉ်ကျေးတဲ့ ဟာသတွေကပဲ အဆင့်မြင့်တတ်သလိုလို
ခပ်ပေါပေါ ပညာတတ်တွေနဲ့
ခပ်သောသော ပညာခက်တွေနဲ့
ဒါကိုက လူမှုရေးရာ ပညာရပ်တဲ့။
ဒီနေ့သတင်းကို ဒီချိန်မှာပဲ ငါတို့ပြောကြတယ်
Copy & Paste လည်း ငါတို့ပြောကြမယ်
ဟိုပို့ ဒီပို့လည်း ငါတို့ပြောကြမယ်
ဟိုတို့ ဒီတို့လည်း ငါတို့ပြောကြမယ်
စိတ်မ၀င်စားတွေလည်း ပြောကြမယ်
စိတ်ဝင်စားတာတွေလည်း ပြောကြမယ်
ဒါကလည်း လူမှုဆက်သွယ်ရေး ကွန်ယက်ပဲလေကွယ်။
လာကွဲ့.....
ငါတို့ပြောကြမယ်
တစ်စက္ကန့်မှ မနောက်ကျလေအောင်
သတင်းတွေ အတင်းတွေ
ဟုတ်တာတွေ ရှုပ်တာတွေ
ပြောတတ်ရင် လွယ်လွယ်လေး
ကမ္ဘာကြီးတစ်ခုလုံး ငါတို့သိသလိုလိုနဲ့
ငါတို့ပြောကြမယ်......။
...ဂျွန်မိုးအိမ်...
13 May 2012
5 comments:
ကျွန်တော်ပြောမိ ..
ဟိုကိစ္စကြားပြီးပြီလား :D
ပြောချင်တာ ပြောနေမိတာနဲ့ မသိလိုက်ဖူး :P
ကျွန်တော်လည်းပြောခဲ့ဦးမယ်( )
(နန္ဒလျန်)http://nandalayan-nandalayan.blogspot.in/
ကျနန်နေသေးတယ်....... ငါတို့ရှာဖွေနေကြတယ် ဟိုဟာမှန်နိုးနိုး ဒီဟာမှန်နိုးနိုး ဟိုဟာပြည့်စုံသလို ဒီဟာပြည့်စုံသလိုလိုပေါ့လေ.....း)
စိတ်ခံစားချက်ဖြစ်တဲ့အချိန်လေးမှာ ဒီပို့စ်လေးကိုဖတ်မိသွားလို့ ဘာရယ်မဟုတ်ကိုယ့်ခံစားချက်လေးကို ရေးချမိတာဖြစ်ပါတယ်။
Post a Comment