27 August 2012

အရှိမဲ့

"အရှိမဲ့"

စည်းချက်
နရီ
အ၀င် အထွက်
လေ့လာ တွေ့ရှိချက်အရတော့
သူ့နည်းသူ့ဟန်နဲ့
မှန်တယ်။

နေနဲ့အတူ
နိုးထခဲ့ပေမယ့်
နေနဲ့အတူ
မပြန်နိုင်ရုံမှအပ
ဘ၀က
ယန္တရား ဆန်တယ်။

မျှော်လင့်ချက်တွေနဲ့တော့
ခုတ်မောင်းနေခဲ့တာပဲ
တခါတခါ
ဘ၀က ရထားမဖြစ်ပဲ
သံလမ်းကြီး ဖြစ်နေတယ်။

နားထဲမှာတော့
ပျောက်ဆုံးသွားတဲ့ အသံတွေနဲ့
မရပ်မနား ပဲ့တင်သံတွေ။

.johnmoeeain. (27 Aug 2012)

2 comments:

. said...

မျှော်လင့်ချက်တွေနဲ့တော့ ခုတ်မောင်းနေတာပဲ
တစ်ခါတစ်ခါ ဘ၀က ရထားမဖြစ်ပဲ သံလမ်းကြီး ဖြစ်နေတယ် . . .

သိပ်ကောင်းတဲ့ အတွေး . . . ဟုတ်တယ်
တခါတခါ ကျွန်တော်တို့တွေ အနင်းခံလိုက်ရတာ . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

ဂျွန်မိုးအိမ် said...

ဟုတ်တယ်နော်...။
နည်းနည်းလေးပိုကြိုးစားရင် စိတ်ကူးအိမ်နဲ့ နည်းနည်းပိုနီးလာမယ်..။ များများ ကြိုးစားရင် မြန်မြန် နီးလာမယ် ထင်နေခဲ့တယ်....။ သေချာတိကျမယ့် လမ်းတွေနဲ့တော့ နီးလာတယ်..။ စိတ်ကူးအိမ်ရဲ့ အဝေးမှာ အခိုင်အမာ တည်ဆောက်မိလျက်သားများ ဖြစ်နေသလားလို့
ပြန်တွေးမိတော့ ၀မ်းနည်းစရာရယ်.........။

ဟုတ်တယ်... ဟုတ်....။