15 September 2012

Parc De La Villette - 3

အပေး... အယူ... နှင့် အရှိမဲ့ ပိုင်ဆိုင်ခြင်းများ။

Bernard Tuschumi  ဖန်တီးပေးခဲ့သော Parc De La Villette တွင် Museums, Concert halls, Live performance stages, Theatres, Playgrounds for children နှင့် Architectural follies သုံးဆယ့်ငါးခု ပါဝင်ခဲ့သည်။  Bernard Tuschumi  သည် မတူညီသော၊ များစွာသော ပေါင်းစပ်မှုများနှင့် ၄င်းတို့အတွက် နေရာတစ်ချို့ကို စနစ်တကျ နှုတ်ယူသုံးစွဲပြခဲ့သည်။


Cité des Sciences et de l'Industrie / La Géode / Cité de la musique / Le Zénith / Cabaret Sauvage / Le Trabendo / Théâtre Parc-Villette / Cinéma en plein ai Grande halle de la Villette ... Parc De La Villette တွင်ရှိသော အဆောက်အဦးများ၏ ယေဘူယျ အချက်များဖြစ်သည်။ များစွာသော ပေါင်းစပ်မှုများ ပါဝင်သော်လည်း Parc De La Villette တွင် တစ်စုံတစ်ခုသည်  ထူးထူးခြားခြား အရေးပါနေခြင်း ဖြစ်မနေခဲ့။  PDLV ၏ အစိတ်အပိုင်းတစ်ခုဆီသည် လိုအပ်သလို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်သည်။

Deconstructionist architecture သည် ideas of fragmentation အပေါ်တွင် အခြေခံသည်။  ထူးခြားသည်မှာ Tuschumi ၏ မတူညီသော  Folly များသည် တစ်ခုခြင်းဆီ ကွဲပြားမနေခဲ့။  အထူးသဖြင့် မြောက်နှင့်တောင်ကို ဆက်သွယ်ထားသော Metro အတွက် Road & Bridge နှင့် အရှေ့အနောက် ဖောက်ထားသော တူးမြောင်းအပေါ်မူတည်၍ ဖန်တီးထားသော Grid Layout တွင် Symmetry ဖြစ်ခြင်းများ၊ Rhythm နှင့် Repetition ရှိခြင်းများကို မြင်တွေ့နိုင်သည်။ ထိုအချက်သည်  ideas of fragmentation ကို ဆန့်ကျင်နေသည်လား၊ သူ၏ fragmentation over unity ဖြစ်ရမည်ဆိုသောအချက်နှင့် ကွဲလွဲနေသည်လား။ စင်စစ် ဟင်းလင်းခွင်တစ်ခုအတွက် Bernard Tuschumi ၏ အတွေးအခေါ်နှင့် ချဉ်းကပ်မှုများတွင် အများအားဖြင့် intellectual purpose အတွက် ကျွန်တော်တို့၏ လက်တွေ့လိုအပ်မှုတစ်ချို့ကို စတေးလိုက်ခြင်းများ ပါဝင်ကောင်းပါဝင်ပေလိမ့်မည်။

အထက်ပါပုံကိုကြည့်လျှင် ပထမအဆင့်တွင် ပုံမှန်မြင်တွေ့နေကျဖြစ်သော "Distribution of Space" ကို မြင်တွေ့နိုင်သည်။ ဒုတိယအဆင့်တွင် Bernard Tuschumi သည် "Idea of Explosion, fragentation and deconstruction" ကို စတင် မိတ်ဆက်ပေးခဲ့သည်။ တတိယအဆင့်တွင် "Re-composition" သဘောကို ဖြန့်ကျက်တွေးစေသည်။ 

  
သူ၏ အတွေးအခေါ်များကိုလည်း အက်ဆေးတစ်ပုဒ်တွင် ယခုကဲ့သို့ တွေ့နိုင်သည်။

" " " In 1978 he published an essay entitled The Pleasure of Architecture in which he used sexual intercourse as a characterizing analogy for architecture. He claimed that architecture by nature is fundamentally useless, setting it apart from "building". He demands a glorification of architectural uselessness in which the chaos of sensuality and the order of purity combine to form structures that evoke the space in which they are built. He distinguishes between the forming of knowledge and the knowledge of form, contending that architecture is too often dismissed as the latter when it can often be used as the former. Tschumi used this essay as a precursor to a later eponymous series of writings detailing the so-called limits of architecture." " "

ရှိပြီးသား မြေမျက်နှာသွင်ပြင်အနေအထားနှင့် Deconstructionism အပေါ် အခြေတည်၍ Bernard Tuschumi က Point, Line, Surface ဟူသော အဓိက Layer သုံးခုကို စနစ်တကျထပ်စီ၍ (Overlapping) နေရာသစ်တစ်ခုကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ Bernard Tuschumi ၏ Deconstructionist သည်  တစ်စုံတစ်ခုကို ဖျက်ဆီးလိုက်ခြင်း၊ အသွင်ပြောင်းလိုက်ခြင်း မဟုတ်ခဲ့ပဲ Overlapping အပေါ်မူတည်၍ သဘာဝအတိုင်းဖြစ်ပေါ်လာသော ဟင်းလင်းခွင်တစ်ခုကို ရှာယူခဲ့ခြင်းသာဖြစ်ပေမည်။ ထိုအပေါ်တွင်မှ Third Material ဟုခေါ်နိုင်သော Folly design များဖြင့် ချဉ်းကပ်ခဲ့သည်။ landscape design တွင် အရေးပါခဲ့သော folly တို့၏ အရေးပါမှုကို အသွင်သစ်ဖြင့် ပြန်လည်မိတ်ဆက်ပေးခဲ့သည်။ Parc De La Villette သည် traditional park မဟုတ်၊ နှစ်ဆယ့်တစ်ရာစုအတွက် Urban Park ဖြစ်သည်။ သို့သော်လည်း သမိုင်းရနံ့ကို ပြန်လည်ခံစားနိုင်သည်။ ထိုအချက်သည် Bernard Tuschumi ပေးလိုသော ခံစားမှု၊ အတွေးအခေါ်များ ဖြစ်ကောင်းဖြစ်ပေမည်။ Parc De La Villette သည် Landscape Design History အတွက် ပြောင်းလဲမှု အချိုးအကွေ့တစ်ခုဖြစ်ခဲ့သည်။  Bernard Tuschumi ကတော့ သူ၏ Parc De La Villette ကို "means NOTHING" ဟု ဆိုခဲ့သည်။ သို့သော် မည်သည့်အတွက်ကြောင့် Parc De La Villette သည် World Worst Park စာရင်းတွင် ပါဝင်ခဲ့ရသနည်း။

*****

footnote:




Cité des Sciences et de l'Industrie, City of Science and Industry, the largest science museum in Europe (by architect Alain Fainsilber)

La Géode, an IMAX theatre inside of a 36 metres (118 ft) diameter geodesic dome ( by Adrien Fainsilber and Gérard Chamayou)

Cité de la musique, City of Music, an interactive museum of historical musical instruments and a concert hall (by architect Christian de Portzamparc)

Le Zénith, a 6,300 seat concert arena, among the largest in Paris ( by Philippe Chaix and Jean-Paul Morel)

Cabaret Sauvage, a flexible small concert stage with 600 to 1,200 seats;

Le Trabendo, a contemporary 700-seat venue for pop, rock, folk music, and jazz;

Théâtre Parc-Villette, a small 211-seat actors' theatre and acting workshop;

Cinéma en plein air, an outdoor movie theatre, site of an annual film festival;

Grande halle de la Villette, a historical cast iron & glass abattoir that now holds fairs, festive cultural events, and other programming.

Parc De La Villette တွင်ရှိသော အဆောက်အဦးများ၏ ယေဘူယျ အချက်များဖြစ်သည်။ အသေးစိတ်ကိုတော့ wiki မှာရှာဖတ်နိုင်ပါတယ်...။

စကားချပ်။   ။
နောက်ဆုံးတွေးနေမိတာကတော့ ဘယ်အကြောင်းအရာတွေက Parc De La Villette ကို World Worst Park စာရင်းအတွင်း ခေါ်သွင်းခဲ့တာလဲ...။ ဘယ်အကြောင်းအရာတွေကပဲ Parc De La Villette ကို စိတ်ဝင်တစားဖြစ်အောင် ဆွဲဆောင်နေခဲ့လဲ...။ နောက်... Landscape Design ရဲ့ အတိတ်.. ပစ္စုပ္ပန်.. နဲ့ အနာဂတ်...။ ကျွန်တော်တို့ နှစ်လိုစွာ တောင့်တနေမိတွေ...။ ကျွန်တော်တို့ နာကျင်စွာ သွေဖယ်လိုမှုတွေနဲ့.. ရိုးသားစွာ ပျောက်ဆုံးနေတဲ့ ပတ်ဝန်းကျင်တွေ....။ မည်သို့ဆိုစေ Parc De La Villette ဟာ မတူညီသော အတွေးများစွာကို သယ်ဆောင်ပေးခဲ့တာ အသေအချာပါ...။

ဆက်စပ်လျက်
Parc De La Villette 1
Parc De La Villette 2

No comments: