05 September 2012

Parc De La Villette


Parc De La Villette, ငိုကြွေးနေသော Paris မြို့သားများအတွက် တခဏ ခိုနားရာ...။

Paris မြို့အရှေ့မြောက်တစ်နေရာ ၊ Napoleon III တည်ဆောက်ခဲ့သော သားသတ်ရုံတစ်ခု။
ထိုနေရာသည် လူသုံးထောင်ကျော် အလုပ်လုပ်နေသော၊ ပါရှန်း အငွေ့အသက်တွေ လွှမ်းမိုးနေသော သားသတ်ရုံကြီးနှင့် သားငါးဈေးကွက်ကြီး တစ်ခုဖြစ်သည့်အတွက် မြို့ပြ၏ လောဘ၊ ဒေါသ အခိုးအငွေ့တွေနှင့် နှစ်ပေါင်း တစ်ရာကျော် အသားကျနေခဲ့ဖူးသည်။ Paris မြို့တော်ကြီးအတွက် အဓိက ရေပေးဝေနေတဲ့ Ourcq canal ကြီးနှင့် Cargo များကို သယ်ပေးနေသော Denis canal ကြီးနှစ်ခုအား ရင်ဝယ်ပိုက် လှုပ်ရှားသက်ဝင်နေသည့် 55 ဟက်တာခန့်  ကြီးမားလွန်းသော ထိုနေရာသည် နောင်တစ်ချိန်တွင် အကြီးဆုံး Park တစ်ခုဖြစ်ခဲ့မည်ဟု Napoleon လည်း မျှော်လင့်ခဲ့မှာ မဟုတ်သကဲ့သို့ Paris မြို့သားတွေလည်း မမျှော်လင့်ခဲ့နိုင်ပေ။

အချိန်ကာလကအနေဖြင့် 1984။
Belin တံတိုင်းကြီး မပြိုကျခင် ငါးနှစ်အလို။
ငိုကြွေးနေသော Paris လူမှုအဖွဲ့အစည်းအတွက် မည်သည့်အရာများကို ဖယ်ရှားပြီး မည်သည့်နည်းဖြင့် ကုထုံးပေးမည်နည်းဆိုသော မေးခွန်းသည် နိုင်ငံရေးအရ လိုအပ်နေခဲ့ခြင်းလား။ ဖန်တီးမှုနဲ့ စိတ်ကူးစိတ်သန်းတွေကိုယ်နှိုက်က ခေတ်နဲ့ စနစ်ကို ထင်ဟပ်ပြနေလိုခဲ့ခြင်းလား ဆိုသော မေးခွန်းကို ဆန်းစစ်ကြည့်ဖို့တော့ လိုမည်ထင်သည်။ သေချာသည်မှာ ထို သားသတ်ရုံကြီးသည် မူရင်း သွင်ပြင်ပုံစံနဲ့ ကွဲပြားစွာ ပြောင်းလဲခဲ့ရသည်။ ရည်ရွယ်ချက်ရှိသော ဖန်တီးမှုများနှင့် ဖန်တီးသူကို လက်ခံသော လူမှုဝန်းကျင်သည် နှစ်လိုဖွယ်ကောင်းသည်တော့ အမှန်ပင်။

သမိုင်းအသစ်တွင် ထိုနေရာသည် Parc De La Villette, ငိုကြွေးနေသော Paris မြို့သားများအတွက် တခဏ ခိုနားရာ။

*****




အသစ်ကို ဖန်တီးခြင်းလား၊ အပြောင်းအလဲကို ဖန်ဆင်းခြင်းလား....။

Museum of Science and Industry. သားသတ်ရုံကြီး၏ အသွင်သစ် ဖြစ်သည်။
မူရင်း သားသတ်ရုံကြီးနှင့် အပြည့်အ၀ ကွဲပြားခြားနားလွန်းလှသည်။ ပြတိုက် သီးသန့်မဟုတ်။ ထိုနေရာတွင် Rock & Roll Concert များအတွက် Hall များရှိရမည်။ ဂီတမြို့သစ်ဖြစ်ရမည်။ ရာစုနှစ် အစဉ်အဆက် လက်ခံလာခဲ့သော Traditional Park သီးသန့်မဟုတ်။ မြို့ပြ၏ အငွေ့အသက်များ အပြည့်အ၀ လွှမ်းမိုးနေသော၊ အသစ်အသစ် မွေးဖွားနေသော ယဉ်ကျေးမှုနှင့် အတွေးအခေါ် အငွေ့အသက်များ ယှက်သန်းနေသည့် နေရာတစ်ခုလည်း ဖြစ်ရမည်။ တစ်နည်းအားဖြင့် Urban Park. ထိုနေရာတွင် ပေါင်းစည်းနေခြင်းတို့ကို ဆန့်ကျင်မည်။ စုစည်းနေခြင်းတို့ကို ကွဲပျံ့စေမည်။ အချုပ်အနှောင် ကင်းမဲ့ခြင်းတို့ကို စနစ်တကျ ဖန်တီးပေးရမည်။  ထိုအရာသည် လိုအပ်မှုလည်း ဖြစ်သည်။ ဖန်တီးမှုလည်း ဖြစ်သည်။ မြို့ပြ၏ တစ်နေရာတည်းတွင် စုစည်းနေတတ်သော အားတစ်ခုကို တစ်ခြားတစ်နေရာသို့ ပြောင်းလဲလိုက်ခြင်းလည်း ဖြစ်သည်။ Designers တို့အား စိန်ခေါ်လိုက်သည်မှာ "Parc De La Villette: A second area of focus & activity zone for Paris".

A symbol of deconstructionist architecture.
Designer "Bernard Tuschumi" မေးခွန်းထုတ် အဖြေရှာခဲ့သော Parc De La Vilette အတွက် အဖြေဖြစ်သည်။  Postmodern architecture ၏ Urban Design Concept ဖြစ်သည့်အလျောက် အထက်တန်းလွှာတို့အတွက် Showpiece ခေါ် ကြွားဝါသည့် ပုံစံများနှင့် ဆန့်ကျင်၍ လူသားဆန်သော မြို့ပြစီမံကိန်း ပုံစံတစ်ခုလည်း ဖြစ်သည်။ Bernard Tuschumi ၏ Deconstructionism သည် တစုံတစ်ခုကို ဖျက်ဆီးလိုက်ခြင်းထက် အဆင့်အတန်း အလွှာတို့၏ သဘောသဘာဝကို သွေဖယ်၍ အပြောင်းအလဲတစ်ခုကို မိတ်ဆက်လိုက်ခြင်းသည်။ သူသည် နေရာတစ်ခုထဲတို့ Program များ၊ Form များ၊ အတွေးအခေါ်များကို အတူတကွ သယ်ဆောင်လာသည်။

*****
Bernard Tuschumi မိတ်ဆက်ပေးခဲ့သော Parc De La Villette. ဖန်တီးမှုတစ်ခုအပေါ် မေးခွန်းများစွာ။
(ဆက်ရန်)
*****


thanks to : Phyllis Yang Pih Foon
photo credit: http://www.flickriver.com/photos/tags/parclavillette/interesting/


ဆက်စပ်လျက်
Parc De La Villette 2

Parc De La Villette 3


2 comments:

လင်းခေတ်ဒီနို said...

Interesting . . .


BaNyarShein . .

ဂျွန်မိုးအိမ် said...

thank you.
I feel something is absolutely touched my heart and I m so interested to read about PDLV. :)