13 February 2013

TURKEY - 4 : Trojan Horse and Troy Photo Essay

လွန်ခဲ့တဲ့တစ်နှစ် ဒီလိုအချိန်တုန်းက Turkey ခရီးစဉ်အကြောင်းကို မှတ်မှတ်ရရ ကျွန်တော့်ရဲ့ ဆိပ်ကမ်းလေးမှာ မှတ်သားချင်ခဲ့တယ်.. မှတ်သားဖို့ကြိုးစားဦးမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်..။ တစ်နှစ်လုံး စာရွက်လေးတစ်ရွက် ရဖို့အရေး စာတွေပဲ ဖတ်ရင်း စိတ်ကူးတွေက အရောင်လွင့်ပျံပြီး ပျောက်ကွယ်သွားသလိုပါပဲ။ ဒီဆိပ်ကမ်းလေးမှာ မှတ်မှတ်ရရ တင်ဖို့ထက် ဗန်းမော်ပြန်တုန်း ကျွန်တော့်မေမေကိုတောင် Turkey ပုံတွေ မှတ်မှတ်ရရ မပြဖြစ်ခဲ့ဖူး။ ကျွန်းသေးသေးလေးပေါ်မှာလည်း ကျောင်း ကြောင့်မို့၊ အိမ်ပြန်တော့လည်း ၂နှစ်နီးပါး ရှောင်ပြေးထားတဲ့ မိသားစုအလုပ်ကြောင့်မို့၊ ကျွန်းလေးဆီ ပြန်ရောက်တော့လည်း နောင်တစ်ချိန်အတွက် ပြင်ရမယ့် အလုပ်တွေမို့.. အချိန်တွေက ကုန်လွယ်လွန်းတယ်။ ဒီလိုနဲ့ ဒီတစ်နှစ်အတွက် ခရီးစဉ်တွေတောင် ပြန်စတော့မယ်.။ နောင် အသစ်သစ် အမှတ်တရတွေ ထပ်မရခင် 2012 Turkey & ID1 အမှတ်တရတစ်ချို့ မှတ်သားချင်မိတယ်..။ ကျွန်တော့်ဆိပ်ကမ်းလေးဆီ ဆိုက်ကပ်မလာဖြစ်တဲ့ စကားလုံးများစွာအတွက် ကိုယ့်ကိုကိုယ် လုပ်ချင်တာလေးတွေကို လုပ်ဖြစ်အောင် ဆက်လုပ်ဖို့ အားပေးချင်တဲ့ သဘောပါပဲ..။ 

Trojan Horse and Troy Photo Essay

Visited date - January 28, 2012



Turkey ကို မသွားခင် မကြာခဏဆိုသလို ကြည့်မိတဲ့မြေပုံလေးပါ..။ ကျွန်တော် ဒီနေရာကို ရောက်တော့မှာပါလားဆိုပြီးလေ။ နောက် Brad Pitt ကိုလည်း ခဏခဏ မြင်ယောင်မိတယ်..။ 

တကယ်တမ်းတွေ့တော့ အသစ်ပြန်ဆောက်ထားတဲ့ မြင်းရုပ်ကြီး ဖြစ်နေခဲ့တယ်။ 12th, 13th, or 14th centuries BC အချိန်က မြင်းရုပ်ကြီးကိုတော့ ကျွန်တော် မျှော်မှန်းကြည့်ရုံပဲပေါ့..။ 

နောက် စာတွေထဲမှာပဲ မြင်ခဲ့ရတဲ့ Classical Order တွေ..။ ဒီလို column တွေကို သရုပ်ခွဲကြည့်ရင်း ဒါဟာ Turkey မြေပေါ်မှာပါလားဆိုတော့ ခံစားချက်က တစ်မျိုးဖြစ်သွားတယ်..။ သမိုင်းတစ်ချို့ကို လက်တွေ့မြင်ချင်ခဲ့တဲ့ အိပ်မက်တစ်ချို့တော့ တကယ်ဖြစ်လာခဲ့သည်ပေါ့..။

နှစ်ပေါင်းများစွာကြာခဲ့တဲ့ အဆောက်အဦးကို ပြန်ပြုပြင်ထိန်းသိမ်းထားတာပါ..။ ကျွန်တော်တို့ ချစ်တဲ့ ပုဂံမြေမှာ ဒီလို ထိန်းသိမ်းရမယ့် စေတီပုထိုးတွေ အများကြီးပါ..။ ရွှေသင်္ကန်း အသစ်ထပ်လှူမယ့်အစားလေ..။ ခမ်းခမ်းနားနားမရှိတဲ့ ပြုပြင်ထိန်းသိမ်းခြင်းတစ်ချို့ကို မြင်ရတော့ ၀မ်းနည်းအားကျမိတယ်...။ 

အချိန်ကာလတစ်ခုအကြာမှာ Theatre of Troy ကြီးကို ဒီလိုပဲ မြင်ရတော့တယ်..။

Source : 

No comments: