17 February 2013

Turkey 5 : Pergamon Acropolis Photo Essay

Visited date - January 29, 2012

Turkey ဒုတိယနေ့ Pergamon Acropolis! သူ့ခေတ်နဲ့သူ့အခါမှာ ကျော်ကြားခဲ့တဲ့ Pergamon Acropolis! လှပလွန်းတဲ့ တိုင်လုံးကြီးတွေကိုမြင်တော့ ရောမတိုင်လုံးကြီးတွေကို ခမ်းနားချင်လို့ ထည့်ပေးပါဆိုတဲ့ သူတို့ရဲ့ တောင်းဆိုချက်ကိုလည်း သတိရရင်း..... ပြောဆို ဆက်ဆံခဲ့ဖူးတဲ့ အလုပ်ရှင်တစ်ချို့ကို ဘာရယ်မဟုတ် သတိရမိတယ်..။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည်အတွေးနဲ့ဆိုရရင် ဒီဇိုင်းနဲ့ အနုပညာတွေက အချိန်နဲ့အတူ စီးဆင်းနေတာကိုပဲ ခံစားချင်ပါတယ်...။ တစ်ဖန်ပြန်လည် မွေးဖွားချင်တယ်ဆိုရင်လည်း ပြည့်ဝတဲ့ အဓိပ္ပါယ်ရှိနေမယ်ဆိုရင် ပိုကောင်းမယ်ထင်နေမိတယ်...။ မည်သို့ဆိုစေ Pergamon Acropolis ဟာ သိပ်ကို လှပလွန်းပါတယ်...။ 

  Cable Train နဲ့တော့ တက်လာခဲ့ဖို့ လိုပါတယ်..။ 

No.4 > Bergama, Kasapoğlu Cd No:6, Izmir Province မှာ ရှိပါတယ်.. ။  
  သုံးရာစုနှစ် (3rd century B.C) က ခမ်းနားခဲ့ဖူးတဲ့ အဆောက်အဦးတွေကို အကုန်ပြန်မြင်ဖို့ မလွယ်တော့ပါဖူး..။ ဘာရယ်မဟုတ် တစ်ချိန်က ဒီနေရာမှာ ဘယ်လိုများ တည်ရှိခဲ့မလဲလို့ စဉ်းစားလိုက်ရင် ရင်ထဲမှာ ခပ်နွေးနွေးလှိုင်းတစ်ခု စီးဆင်းသွားသလိုပါပဲ..။ ဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေအတွက်တော့ ဘယ်လိုနေမယ် မသိဖူးပေါ့...။ နောက် မြို့လေးမှာ တကယ့်ကို ရှေးဟောင်းမြို့လေးမို့ ထင်ပါရဲ့..။ ခမ်းခမ်းနားနား သမိုင်းတွေကို ရင်မှာပိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းပါပဲ...။ သူ လက်ခံခဲ့ရတဲ့ အခြေအနေ အကြောင်းအရာတွေက လေးနက်ခဲ့လွန်းတော့ ကျွန်တော်တို့ ခေတ်ကြီးက သူ့အတွက် စာဖွဲ့စရာများ မလိုတော့ဖူးလားလို့တောင် တွေးမိပါရဲ့...။  

  တစ်ချို့ဒီဇိုင်းတွေက မူရင်းဒေသမှာ ပျက်စီးသွားပေမယ့် ရှင်သန်နေသေးတယ် ဆိုတဲ့အကြောင်း တွေးမိတော့....။      

  
ဘာရယ်မဟုတ်... တက်ခွင့်မရတော့တဲ့ ပုဂံဘုရားများကို သတိရမိတယ်...။   

  
 ပုဂံထက် ၁၀ရာစုနှစ်လောက် စောပေမယ့် အသစ်ပြန်ပြင်ထားတာမျိုးမဟုတ်ပဲ မြင်ရတော့ ဘယ်အကြောင်းအရာကို ၀မ်းနည်းရမယ် မပြောတတ်ခဲ့ဖူး..။   

  အချိန်တစ်ခုမှာ မတည်မြဲခြင်းကို တားဆီးလို့မရပေမယ့် အမှန်တရားကို ထိန်းသိမ်းထားနိုင်ခြင်းဟာ တန်ဖိုးတစ်ခု ထင်ပါရဲ့လေ...။ 

  လူပေါင်း ၁၀၀၀၀ ကျော်နဲက ၃ ရာစုမှာ တည်ဆောက်ခဲ့တဲ့ Theater of Pergamon.. Steepest theater လို့ ကျော်ကြားပါတယ်.။    

  research paper တွေထဲမှာတော့ မူရင်းအတိုင်း မြင်နိုင်သေးတယ်..။  

  ပျက်စီးနေခဲ့ပြီဆိုပေမယ့် Pergamon Acropolis ဟာ သိပ်ကို လှပလွန်းခဲ့တာ ငြင်းမရနိုင်ပါဖူး..။  

  နောင်တစ်ချိန် နောက်တစ်ခါ ပြန်မရောက်တော့တဲ့ Pergamon Acropolis ကို သတိရရင်.. ကျွန်တော့်ဆိပ်ကမ်းလေးဆီ အလည်လာမယ့်သူက  ကျွန်တော်ကိုယ်တိုင်ပဲ ဖြစ်မယ်ထင်ပါတယ်..။

History ကိုတော့ Wiki မှာ ဖတ်နိုင်ပါတယ်..။ 

No comments: