10 March 2013

Turkey 6 : House of the Virgin Mary and Ephesus Photo Essay


Visited Date : January 30, 2012
ံHouse of Virgin Mary

 

House of Virgin Mary ပါ။ Turkey ဟာ Byzentine Era မှာ Catholic နဲ့ Muslim ဘာသာရေးနှစ်ခုကြား မည်သို့မည်ပုံ ရပ်တည်ခဲ့ရတယ်ဆိုတာကို ထိုခေတ် ထိုအချိန်တုန်းက အဆောက်အဦး ဒီဇိုင်း အများစုမှာ မြင်နိုင်ပါတယ်..။ ဘာသာရေးအရ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုတော့ Wiki မှာ သွားဖတ်နိုင်ပါတယ်..။

 

ရောမခေတ်မှာ ဖြစ်တဲ့အတွက် ကျောက်နဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးပါပဲ..။ အတော်ကြီးကို ခိုင်ခံ့နေပါသေးတယ်..။ Blessed Anne Catherine Emmerich (1774–1824) ရဲ့ report အရ ၁၉ ရာစုမှာမှ ဒီ အဆောက်အဦးကို ရှာဖွေခဲ့တာပါ..။ အတွင်းပိုင်းကိုတော့ ဓါတ်ပုံ ရိုက်ခွင့် မပြုတော့ပါဖူး။ နောက်ဆုံး တစ်ပုံက ဓါတ်ပုံရိုက်ခွင့် မပြုဖူးဆိုတာ မသိခင် ရိုက်ခဲ့မိတာပါ..။ ရိုးရိုးရှင်းရှင်း အတွင်းပိုင်း ဒီဇိုင်းပါပဲ..။ ခေတ်အခြေအနေအရကြောင့်မို့လည်း ဖြစ်ပါတယ်..။ တစ်ချို့သော ဒီဇိုင်းများက ခမ်းနားခြင်းများစွာကို စတေးထားသော အရာပေါင်းများစွာနဲ့ ပိုင်ဆိုင်ပါတယ်..။ တစ်ချို့သော ခမ်းခမ်းနားနား ဒီဇိုင်းတွေကတော့ အောင်မြင်မှု အခြေအနေများကို ဖော်ညွှန်းပါတယ်..။ ရိုးရိုးရှင်းရှင်း House of Virgin Mary ကတော့ သမိုင်းဝင်အရေးပါမှုတစ်ချို့ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ထိန်းသိမ်းနေထိုင်နေတဲ့ အဆောက်အဦးတစ်ခုနဲ့ ပိုတူပါတယ်...။





ဘာသာရေး ယုံကြည်မှုတစ်ချို့ကိုတော့ အပြင်ဖက် landscape ပိုင်းမှာ မြင်နိုင်ပါသေးတယ်..။ နောက် စာရွက်လေးတွေပေါ်မှာ တောင်းလိုတဲ့ ဆု တစ်ခုခုကို ရေးပြီး နံရံတစ်ခုမှာ သွားချိတ်ဆွဲလို့ရပါတယ်..။ ယုံကြည်မှုတစ်ချို့ ဖြစ်မယ် ထင်ပါတယ်..။ ပတ်ဝန်းကျင် တစ်ချို့အရာတွေက ထိန်းသိမ်းဖို့ မျက်ကွယ်ပြုထားတာတွေလည်း ဖြစ်နိုင်ပါတယ်...။ ကျွန်တော်တို့ ပုဂံက ဘုရားတစ်ချို့လို ဖြစ်မယ်ထင်ပါတယ်..။ Gift Shop လေးတစ်ခုကတော့ အနီးအနားမှာ တည်ဆောက်ထားပါတယ်..။ Turkey အသစ်တည်ဆောက်ထားတဲ့ အဆောက်အဦးအများစုဟာ ပတ်ဝန်းကျင်အခြေအနေကို အများအားဖြင့် respect ပေးထားတာကို နေရာတိုင်းနီးပါးမှာ မြင်နိုင်ပါတယ်..။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုဖြစ်ရင် သိပ်ကောင်းမှာပါ။ ဒီဇိုင်းနဲ့ inspiration / concept တွေအကြောင်းကိုတော့ ဒီ essay မှာ မရေးလိုတော့ဖူး..။ တစ်ချို့အကြောင်းအရာတွေက ရေးခြင်းထက် တွေးခြင်းကပဲ ပိုလေးနက်လာမယ် ထင်ပါရဲ့လေ..။

-x-x-x-x-x-x-x-x-

 Ephesus 

 

ရှေးဟောင်း ဂရိမြို့တော်ပါ..။ နောက်ပိုင်းမှာ ရောမခေတ်ရဲ့ အဓိက မြို့တော်ဖြစ်ခဲ့ပါတယ်..။ Selçuk, Izmir Province, Turkey မှာ တည်ရှိပါတယ်..။ ရှေးခေတ်ရဲ့ အံဖွယ် ခုနှစ်ခုထဲက Temple of Artemis တည်ရှိခဲ့တာကြောင့် Ephesus ဟာ ထင်ရှားကျော်ကြားပါတယ်..။ BC 550 မှာ တည်ဆောက်ခဲ့တဲ့ Temple of Artemis ကတော့ BC 356 မှာ စတင် ဖျက်ဆီးခံခဲ့ရပါတယ်..။ Neolithic age / Bronze Age / The Period of Greek Migrations /Archaic period / Classical period / Hellenistic period / Roman period / Byzantine era (395–1308) နဲ့ Turkish era စတဲ့ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့တဲ့ Ephesus ဟာ သိပ်ကို ခမ်းနားလှပလွန်းပါတယ်..။ Turkey ခရီးတစ်ခုလုံးမှာ အလှဆုံး ရှေးဟောင်းနေရာတစ်ခုဆိုရင်လည်း မမှားပါဖူး။

 

ကျွန်တော့်အတွက်တော့ Ephesus ဟာ အထီးကျန်ခြင်းနဲ့ နာနာကြင်ကြင် ကျေနပ်ပျော်ရွှင်ခြင်းတစ်ချို့ကို ခံစားစေပါတယ်..။ သူ့ရဲ့ သမိုင်းကို  Wiki နဲ့ သူနဲ့ ဆက်စပ်နေတဲ့ link တွေမှာ ဖတ်နိုင်ပါတယ်..။

 

ရောမခေတ်ကို ရောက်လာပြီ ဖြစ်တဲ့အတွက် classical design တွေနဲ့ Sculpture တွေမှာ နွဲ့ပျောင်းမှုနဲ့ သက်ဝင်လှုပ်ရှားလာမှုတစ်ချို့ကို မြင်နိုင်ပြီ ဖြစ်ပါတယ်..။

 
စနစ်တကျ တူးဖော်ပြီး အရှိအတိုင်း သေချာ ထိန်းသိမ်းထားပါတယ်..။ ကျွန်တော့်အတွက်တော့ ပတ်ဝန်းကျင်ကိုယ်နှိုက်က အထီးကျန် ခမ်းနားခြင်းတစ်ချို့ကိုပဲ ခံစားမိနေစေပါတယ်..။



Temple of Hadrian ပါ..။ ထုကြီးထည်ကြီးနဲ့ ခမ်းခမ်းနားနား အဆောက်အဦးပါပဲ..။



Ephesus ဟာ တစ်ခါရောက်ပြီးရင် ဘယ်တော့မှာ မမေ့နိုင်တဲ့နေရာတစ်ခု ဖြစ်တဲ့အကြောင်းကိုပဲ ကျွန်တော် မှတ်သားထားမိပါရဲ့။

2 comments:

ညီလင်းသစ် said...

အဲဒီ ရှေးဟောင်းမြို့တွေ၊ အထူးသဖြင့် ဂရိနဲ့ ရောမက မြို့တွေမှာ ပန်းတော့နဲ့ ပန်းတမော့ ပညာကို တဖက်ကမ်းခတ် တတ်မြောက်ကြတာ ဘယ်အချိန် ကြည့်ကြည့် အံ့သြလို့ မဆုံးနိုင်ဘူး၊ မှန်ကန်ပြီး စနစ်ကျတဲ့ ထိန်းသိမ်းမှုကြောင့်လည်း အခုခေတ်အထိ ဆက်ပြီး လေ့လာလို့ ရနေသေးတာ သတိပြုစရာပါ..၊ ဓါတ်ပုံတွေ လှတယ်ဗျ.....။

ဂျွန်မိုးအိမ် said...

ဂရိနဲ့ ရောမ...။ အိပ်မက်ထဲ ခဏခဏ အလည်သွားနေမိတဲ့ နေရာတစ်ခုပေါ့..။ အံ့သြဘနန်း ရှေးဟောင်းအဆောက်အဦးနဲ့ ရုပ်တုတွေ..ကို သွားကြည့်ချင်လွန်းလို့လေ..။ သူတို့ရဲ့ စနစ်ကျတဲ့ ထိန်းသိမ်းမှုတွေကို မြင်တဲ့အခါ.. ကျွန်တော်တို့နိုင်ငံက ရှေးဟောင်းနေရာတွေကိုလည်း သူတို့လို မပျောက်မပျက် ထိန်းသိမ်းထားတာမျိုး ဖြစ်စေချင်လွန်းတယ်..။ ဓါတ်ပုံတွေ လှတယ်ဆိုလို့ ကျေးဇူး..။ ဖုန်းတစ်လုံးနဲ့ ကျွန်တော်တို့ တစ်အုပ်စုလုံး ဟိုရိုက်ဒီရိုက် တွေ့သမျှ မြင်သမျှ လိုက်ရိုက်ခဲ့တာတွေလေ.. :)