07 April 2013

Turkey 8 : Uranos Sarikaya Photo Essay

Uranos Sarikaya : Visitated Date - 1st February 2012.

Uranos Sarikaya!
 မမေ့နိုင်စရာ ကျောက်ဂူလေးအတွင်းက ဟင်းလင်းခွင် ဒီဇိုင်းလေးရှိတဲ့နေရာပါ...။


သိန်းငှက်ပုံ ရုပ်တုကြီးနဲ့ Uranos Sarikaya က ခရီးသွားတွေကို နေ့လည်စာစား ခဏနားဖို့ ကြိုဆိုနေသလိုပါပဲ...။ ရုတ်တရက်ဆိုရင် မွန်ဂိုလီးယားကိုပဲ ရောက်နေသလိုလို...။ Turkey နဲ့ သိန်းငှက်နဲ့ ဆက်စပ်နေတဲ့အကြောင်း ကျွန်တော် google မှာ မတွေ့ခဲ့လို့လည်း ဖြစ်မှာပါ..။ Uranos Sarikaya ဟာ ကိုက် ငါးဆယ်လောက်ရှည်ပြီး အတော်အတင့်ကျယ်တဲ့ ကျောက်ဂူကြီးပါ..။ အဲ့ဒါကိုမှ ယနေ့ခေတ် restaurant တစ်ခုအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်..။ မူရင်း sturcture အရ ကျောက်ဂူကြီးကိုယ်နှိုက်က ခုံးခုံးဝန်းဝန်းနဲ့ အတော်ကို လှပါတယ်...။ 


အပြင်က အပူချိန်က အနုတ်ဒီဂရီကို ရောက်နေသလို အတွင်းကလည်း ကျောက်ဂူဆိုတော့ တော်တော်လေးကို အေးပါတယ်...။ light bulb တွေနား သွားရပ်လိုက်မိရင် နွေးထွေးသွားတာပါပဲ..။ နောက်ထမင်းစားဖို့ ပြင်ပေးထားတဲ့နေရာကလည်း ကျောက်စားပွဲနဲ့ ကုလားထိုင်တွေပါ....။ အအေးပေါ် အအေးဆင့်သလိုပါပဲ..။ ဒီအတွင်း ဟင်းလင်းခွင်လေးမှာရှိတဲ့ စားပွဲ၊ ထိုင်ခုံ၊ လက်ရမ်း၊ တိုင်နဲ့ အ၀င်တံခါးလမ်းတစ်လျှောက် decoration လုပ်ထားတာတွေကိုတော့ ပတ်ဝန်းကျင်မှာရှိတဲ့ တောင်တွေက ကျောက်တွေကို ထွင်းထုပြီး ဖန်တီးပေးထားပါတယ်..။



Turkish ဒီဇိုင်းလို့ ပြောလို့ရတဲ့ အလယ်ဗဟိုက moasaic floor မှာတော့ ရိုးရာတီးဝိုင်းတစ်ခုရှိပါတယ်...။ ထိုင်တဲ့နေရာနဲ့ အတော်ဝေးတော့ ဓါတ်ပုံကောင်းကောင်း ရိုက်လို့ မရနိုင်ခဲ့ဖူး...။ Turkish တီးလုံးတွေက Greece တီးလုံးတွေနဲ့ ခပ်ဆင်ဆင်ပါပဲ..။ နှစ်သက်ဖွယ်ကောင်းပါတယ်..။ နောက် တည်ခင်းတဲ့ အစားအစာတွေကလည်း ဟိုတယ်က အစားအစာတွေထက်ကို ကောင်းပါတယ်..။ အစားအသောက်ကို ခုံခုံမင်မင် သိပ်မရှိတဲ့ ကျွန်တော့်အတွက်တော့ ဒီ Uranos Sarikaya က အမှတ်ရစရာပါပဲ..။


တစ်ခြားတစ်နေရာရာမှာ ထွင်းထုပြီး ပြန်တပ်ဆင်ထားတာနဲ့ မတူပါဖူး..။ ကျောက်ဂူအတွင်းမှာ နေရာမှာတင် ပုံဖော်ထုဆစ်ထားတာနဲ့ တူပါတယ်..။ စနစ်ကျလွန်းတဲ့ အနုစိတ်ဒီဇိုင်းမဟုတ်ပေမယ့် သဘာဝအတိုင်း တည်ရှိနေတဲ့ ဟင်းလင်းခွင်လေးကို လိုအပ်သလို ဖန်တီးယူထားတာကတော့ နှစ်သက်လွန်းစရာပါ..။ နောက် အလင်းပေးထားတဲ့ ဒီဇီုင်းတွေက ကျွန်တော့်အတွက်တော့ စွဲမက်စေလွန်းပါတယ်..။ ခမ်းခမ်းနားနား မဟုတ်ဖူး.. ဒါပေမယ့် တန်ဖိုးရှိတဲ့ craftsmanship ဖန်တီးမှုလို့ပဲ ဆိုရမယ် ထင်ပါရဲ့...။ 


restroom လေးကလည်း မ၀င် ၀င်ကြည့်ချင်အောင်ပါပဲ..။ အတွင်းမှာလည်း ကျောက်ဂူရဲ့ မူရင်းပုံစံအတိုင်း sanitry layout ကို စနစ်တကျ ဖွဲ့စည်းပေးထားပါတယ်..။ ventilation စနစ်ကလည်း တော်တော်ကောင်းပါတယ်..။



ရိုးရိုးရှင်းရှင်း decoration လုပ်ထားတာကလည်း နှစ်သက်စရာပါပဲ..။

စကားချပ် ။ ။ ပထမတော့ Uranos Sarikaya ကို ကျော်သွားမလို့ပါပဲ..။ သူ့မှာ ထူးထူးထွေထွေ သမိုင်းနောက်ခံ မရှိလို့လည်း ပါ ပါတယ်..။ ဒါပေမယ့် ပြန်တွေးကြည့်မိတော့ ကျွန်တော့်ရဲ့ အတွင်းစိတ်လေးမှာ သူ့ရဲ့ ဟင်းလင်းခွင် ဒီဇိုင်းလေးကို စွဲမက်နေတာကို ပြန်တွေ့မိတယ်..။ ကိုယ့်နှစ်သက်မိတဲ့ ဟင်းလင်းခွင်လေးတစ်ခုကို မှတ်မှတ်ရရ မှတ်သားမိတာ ကောင်းမယ်ထင်တာနဲ့....။ Turkey 9 မှာ Underground City နဲ့ Ankara Mausoleum ကို အလည်ပြန်သွားဖို့ ကြိုးစားနေမိတယ်..။ 

ဂျွန်မိုးအိမ်

No comments: