11 May 2013

TURKEY - 9 - Goreme Cave Churches & Ataturk Mausoleum

Istanbul မပြန်ခင် ၀င်ဖြစ်တာကတော့ Goreme Cave Churches နဲ့ Ataturk Mausoleum ပါ..။ Turkey ရဲ့ အလှဆုံး နှင်းတွေရှိတဲ့နေရာထဲက တစ်ခုလို့ပဲ ဆိုရမလား..။ 
"Taking Photographs, sketching and memorizing harmonious examples of seamless properties or artful compositions will develop your eye & mind" လို့ ဆိုကြတယ်...။ ဒီ Photo Essay မှာတော့ မြင်တွေ့ရတဲ့ landscape အပေါ် အချိန်ကာလလေးတစ်ခုမှာ ကျွန်တော် ခံစားမိခဲ့တာလေးတွေကို တစ်ခုချင်းဆီ ပြန် စာစီချင်ပါတယ်..။ ကျွန်တော်က ဓါတ်ပုံသမား ဘယ်တော့မှ ဖြစ်လာမှာတော့ မဟုတ်ဖူး....။ အဓိက- က camera တွေနဲ့ hardware တွေကို စိတ်မ၀င်စားလို့..။ ဒါပေမယ့်.. အချိန်တစ်ခုမှာ မြင်မိ တွေးမိတာလေးတွေကိုတော့ တန်ဖိုး ထားချင်ပါတယ်..။ တစ်နှစ်ကျော်ကြာမှ ပြန်ရေးမိတဲ့ photo essay မှာ ကျွန်တော့်ခံစားချက်တွေက သစ်လွင်နေဆဲပဲ....။ 

 Goreme Cave Churches : Visited Date -1st February 2012. 


နှင်းတောင်တန်းတွေ...။ တိုးတိုးလေး ပြောနေမိတယ်..။ snow, snow. let no sorrow!!! 

 

နောက်.. ကျွန်တော်တို့အားလုံးရဲ့ အတွေးမှာ ပြောနေကြတယ်..။ "Goreme! we are coming". 

  

ဒါဟာ Stairway to Heaven ! ဖြစ်မယ်.။ 

  

ကိုယ့်လို လာလည်ပတ်တဲ့ ခရီးသွားတစ်ယောက်။ သိပ်လှလွန်းတဲ့ snowscape ကို မှတ်တမ်းတင်ရတာ သူ မောနေခဲ့ပြီ....။
  
"Moment in the Sun" နေရောင်နည်းနည်းရလာမှ အလှတရားတစ်ချို့ ထင်ထင်ရှားရှား မြင်ရတော့မှာ..။

  

The Goreme Open Air Museum က Turkey အတွက် 1984 / 1985 မှာ UNESCO ရဲ့ မှတ်တမ်းတင်ခြင်းခံရတဲ့ World Heritage နေရာတစ်ခု ဖြစ်ခဲ့တယ်..။

  

Bindalli Restaurant ကို မဆိုလိုပါဖူး.. အဝေးကမြင်ရတဲ့ တောင်တန်းတွေပေါ်မှာ ဆောက်ထားခဲ့တဲ့ အဆောက်အဦးတွေက ကျွန်တော့်အတွက်တော့ ရင်သပ်ရှုမောပါပဲ..။ အများစုက Churches တွေပါ.. ။ 10 / 11 / 12 ရာစုလောက်က တည်ဆောက်ခဲ့ကြပါတယ်...။

  

ကျွန်တော့်အတွက် အိပ်မက်ဆိပ်ကမ်း စာမျက်နှာလေးကို ပြန်သတိရမိလိုက်တယ်..။ "WAY for WHERE, where is THERE, there can KNOW, know to love, LOVE for life, LIFE of way, WAY is a moment, like a Display, with missing mind & me." ဆိုပြီးလေ..။
  

"Coherent geographical entity and represents historical unity" လို့ပဲ ဆိုရမယ် ထင်ပါတယ်..။
   

ကျွန်တော့်အတွက် Turkish တောင်တန်းတွေက စနစ်တကျ ထုဆစ်ထားတဲ့ ရုပ်တုတွေနဲ့ တူနေခဲ့တယ်..။ ဒါပေမယ့် အမှန်တကယ်တော့ ဒီတောင်တန်းတွေဟာ ဗိသုကာဆရာကြီးတွေအတွက် အဆောက်အဦးတွေ ဖြစ်နေခဲ့ပါတယ်..။ တစ်ချိန်က Goreme Cave Churches တွေရှိခဲ့တဲ့နေရာဟာ အခုတော့ Open Air Museum ပေါ့..။ Churches တွေအတွင်းမှာ နံရံဆေးရေးတွေနဲ့ သိပ်ကိုလှတဲ့ frescoes တွေရှိပါတယ်..။ တစ်ချို့နေရာတွေက ဓါတ်ပုံရိုက်ဖို့တောင် မေ့သွားရတယ်..။ ဒီနေ့အချိန်အထိ မူရင်းအရောင်အတိုင်း တတ်နိုင်သမျှ ထိန်းထားတဲ့ museum ပညာကတော့ လေးစားစရာပါ...။ 

-----------------------------
Ataturk Mausoleum at Ankara : Visited Date - 2nd February 2012. 

   
Ataturk Mausoleum! Turkey ရဲ့ အထင်ကရ အာဇာနည် ဗိမာန်ကြီးပါ..။ နိုင်ငံရဲ့ မြို့တော် Ankara မှာ တည်ရှိပါတယ်...။ 

 

အာဇာနည်ဗိမာန်ဆိုတာ Power တစ်ခု၊ နောက် အလေးထားမှုတစ်ခုကို ရည်ညွှန်းဖို့ပါ။ ပထမဦးဆုံး ရောက်ရောက်ချင်း မြင်မိတဲ့ စစ်ရေးပြပွဲကတော့ Power of photographer လို့ပဲ ဆိုရမယ်ထင်ပါတယ်..။ လူအားလုံး ဖုန်းကိုယ်စီ ကင်မရာကိုယ်စီနဲ့ မှတ်တမ်းတင်နေလို့ပါ..။

  

ဒီ စစ်ရေးပြခြင်းရဲ့ နောက်ကွယ်က အဓိပ္ပါယ်က Power of Government လို့ပဲ ဆိုရမလား..။ ဘာသာရေးပါဝါ... စစ်ရေးပါဝါ...။ ပါဝါတွေက အများကြီးပါ...။ မှန်ကန်သော အသုံးချတဲ့ ပါဝါတွေပဲ ဖြစ်စေချင်ပါတယ်..။
  

ဒီ wall sculpture လေးကိုတော့ "the way of story telling" လို့ မြင်မိတယ်..။ သူ့နောက်ကွယ်က သမိုင်းကို အချိန်အတော်ကြာ မှတ်သားလိုက်ရတယ်..။

  

ဒီဇိုင်းအမြင်နဲ့ ကြည့်ရင် "the power of grand is the SCALE" လို့ပဲ ဆိုရမယ်ထင်ပါရဲ့...။

  
ကျွန်တော်က ဒီလမ်းလေးကို walk of fame လို့ နာမည်ပေးထားလိုက်တယ်..။ အထင်ကရ အာဇာနည်တွေကို ဂုဏ်ပြုသင့်တဲ့ လမ်းဆိုပြီးလေ..။ architects Professor Emin Onat နဲ့ Assistant Professor Orhan Arda က 1941 မှာ တည်ဆောက်ခဲ့တာပါ..။ 

  
နိုင်ငံရေးနဲ့ ဆိုင်တဲ့ အဆောက်အဦးနဲ့ မတူပဲ ပြည်သူလူထုတွေ အပန်းဖြေနိုင်တဲ့ urban park တစ်ခုနဲ့ ပိုတူနေတယ်..။ 

 
Turkish Coffee တစ်ခွက်လောက်သောက်လိုက်ရင်...။ ဒီ caffee shop လေးရဲ့ entrance က empty satisfaction တွေ အပြည့်အ၀ရှိနေခဲ့တယ်..။ 
--------------------------------

2. Pergamon 
9. Goreme Open Air Museum 
10. Ataturk Mausoleum | Ankara 

Istanbul က နေရာတွေ ဖယ်ထားပြီး ရေတွက်လိုက်ရင် မမေ့နိုင်တဲ့ နေရာလေး ၁၀ ခုပါပဲ..။ တစ်ချိန်ချိန် အခွင့်အရေးများရှိခဲ့ရင် Ephesus ကို ပြန်သွားချင်ပါသေးတယ်..။  ကျွန်တော့်ရဲ့ Turkey Essay လေးကို ဒီမှာပဲ ခဏရပ်လိုက်ပါတော့မယ်..။ Turkey - 10 : Istanbul ကိုတော့ နောင်တစ်ချိန်ချိန် စိတ်လိုလက်ရရှိတဲ့အခါ ပြန်ရေးဖို့ စိတ်ကူးထားပါတယ်..။ Turkey ရဲ့ နောက်ဆုံး ခရီးစဉ် ဖြစ်တာရယ်..၊ countryside နဲ့ မတူတဲ့ landscape တွေရယ်...၊ ကြီးကျယ်ခမ်းနားတဲ့ ဗိသုကာအလှတွေရယ်..၊ မတူညီတဲ့ ယဉ်ကျေးမှုနဲ့ လူနေမှုတစ်ချို့ရယ်..။ ဒီအကြောင်းကိုရေးဖို့ ကျွန်တော့်စိတ်တွေ အချိန်တော်တော်ယူရဦးမယ် ထင်ပါတယ်..။ 

 နောက်ဆုံး...။ ခမ်းခမ်းနားနား မရှိတော့တဲ့ ခမ်းနားမှုများဆီ... စကားလုံးပေါင်းများစွာ ပြောစရာမလိုတဲ့ သမိုင်းတစ်ခုဆီ... နွေးထွေးတဲ့ နှင်းပွင့်နှင်းခဲများဆီ... သဘာဝဆန်တဲ့ လူနေမှုတစ်ခုဆီ... မြို့ကလေး "7" မြို့ကို လူ "13" ဦး အတူတူ...... ပို့ပေးခဲ့တဲ့ Lynn နဲ့ အတူတူ သွားခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ၊ ခရီးစဉ်တစ်လျှောက်လုံး Turkish lifestyle နဲ့ ယဉ်ကျေးမှုတွေကို ရှင်းပြပေးတဲ့ Andies ကို ကျေးဇူးတင်ပါတယ်..။ ကျွန်တော်ရေးခဲ့တာတစ်ချို့မှာ လွဲချော်မှုတွေပါခဲ့ရင် နားလည်မှု လွဲမိတဲ့ ကျွန်တော့်အမှားသာ ဖြစ်မှာပါ...။ 

- ဂျွန်မိုးအိမ် 2013

No comments: