11 June 2013

မိုးသောက် ဆည်းဆာ



လွန်ခဲ့တဲ့ နှစ်. နှစ် က ရေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်သေးတဲ့ ကဗျာ...။
အချိန်ကာလတစ်ခုအပြီးမှာ အတွေးတွေက အရင် အတိုင်းပဲ..။ တဖျတ်ဖျတ်နဲ့ ပျောက်ကွယ်သွားတဲ့ ညနေခင်းတွေတိုင်းမှာ  နောက်တစ်နေ့အတွက် မျှော်လင့်ထားတဲ့ ဆန္ဒတွေ ခိုင်မြဲနေဆဲပဲလား.... ဆိုတာ... ကိုယ့်ကိုယ်ကို ပြန်ပြန်မေးနေမိတယ်..။ စမ်းတ၀ါးဝါးနဲ့ လမ်းတွေလျှောက်ဖို့ မလိုတော့ပေမယ့် ကိုယ်ဖောက်နေတဲ့ လမ်းတွေ မပျောက်အောင်တော့ ဂရုစိုက်ရမယ့် အချိန်တစ်ခု ရောက်နေခဲ့ပြီ ထင်ပါရဲ့...။  တကယ်..။ မိုးနဲ့မြေကြား.. ခံစားချက်တို့.. တိမ်လို.. လေလို.. တော့ ရှိနေဆဲပါပဲ...။

နောက်...။
တစ်စုံတစ်ခုသော အဖြေကို စောင့်နေဆဲပဲ..။ စာမေးပွဲကောင်းကောင်း ဖြေနိုင်ခဲ့ပေမယ့် မေးခွန်းနဲ့ အဖြေလွဲမှာ ကြောက်နေတဲ့ ခံစားချက်မျိုးနဲ့...။ တဖြည်းဖြည်းနဲ့ ဟိုနည်းနည်း ဒီနည်းနည်း ဖြစ်နေတဲ့ ပို့စ်တွေ ပြန်ပေါင်းစပ်ပြီး ဒီဆိပ်ကမ်းလေးဆီ ပြန်ခေါ်လာဖို့ ကြိုးစားနေမိတယ်..။ ဒီနှစ်ပိုင်း technical ပိုင်းနဲ့ ပက်သက်တဲ့စာတွေပဲ ဖတ်နေမိတယ်..။ ဘ၀..တွေ...။

နောက်..။
FB မှာရော.. phone မှာရော.. အခြားအခြား လေထုထဲက ကွန်ယက်တွေမှာ ဆုမွန်ကောင်းတောင်းပေးတဲ့ သူငယ်ချင်း၊ အစ်ကို အစ်မ၊ မောင်.. ညီမလေးတွေနဲ့ ဆရာ.. ဆရာမတွေကို ကျေးဇူးတင်ပါတယ်..။

5 comments:

. . လင်းခေတ်ဒီနို . . said...

ဘယ်လို ပုံစံနဲ့ ရေးသလဲ ကျွန်တော် မသိဘူး . . .

ကဗျာက ဟိုဘက် ဒီဘက် တစ်ပုဒ်ထဲပဲလား . . တစ်ပုဒ်စီကို ကပ်ထားတာလား . . . ကျွန်တော်သေချာ မသိပေမဲ့ . .

တစ်ခြမ်းစီကိုပဲ ဖတ်ဖတ် ၊ နှစ်ခြမ်းလုံးကို ဒီဘက်တစ်ကြောင်း ဟိုဘက်တစ်ကြောင်း ဆက်တိုက်ပဲ ဖတ်ဖတ် . . . ရသ အပြည့်ပေးနေခဲ့တယ် ။

ကျွန်တော်ကတော့ နှစ်ခြမ်းလုံး ရောဖတ်တာကို ပိုကြိုက်မိတယ် . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

ဂျွန်မိုးအိမ် said...

:D
ဘ၀မှာ တစ်ချိန်ထဲ နှစ်ပုဒ်ဆက်တိုက်ရေးဖြစ်တဲ့ ကဗျာပါ..။ ဒါကြောင့် နှစ်ခုကို ယှဉ်ပြီး တွဲကြည့်လိုက်တာ..။ ကျေးဇူးပါ ကိုဗညား...။ ဆိပ်ကမ်းလေးကို အမြဲလာလည်တဲ့အတွက်..။

အိမ့်ချမ်းမြေ့ said...

မလေး စာတွေလာရောက်လို့ မွှေနှောက်သွားပါတယ်...
လှပတဲ့ ကဗျာလေးတွေကိုလည်း ခံစားသွားကြောင်းပါ...

အိမ့်ချမ်းမြေ့ said...

စာတွေကို မွှေနှောက်သွားကြောင်းပါ..
လှပတကဗျာလေးကိုလည်း ခံစားသွားပါတယ်ရှင်...

ဂျွန်မိုးအိမ် said...

ကျေးဇူးအထူးပါ.. မလေး :)